မိန်းမကိုယ်အနံ့ဆိုး
24-Feb-2017
မိန်းမကိုယ်တစ်ဝိုက်မှာ အနံ့နည်းနည်းရှိတာ ပုံမှန်ပါ။ အဓိက က တစ်ကိုယ်ရည် သန့်ရှင်းရေး ကောင်းဖို့ပါ။ ရေ၊ ဆပ်ပြာနဲ့ နေ့စဉ်သန့်ရှင်းပေးမယ်၊ သန့်ရှင်းတဲ့အတွင်းခံ ဝတ်မယ် စတာတွေ အဓိကလိုအပ်ပါတယ်။ အမွှေးရနံ့ပါတဲ့ပစ္စည်း သုံးတာ၊ အမွေးအမှင် အများအပြားမရှိအောင် ပြုပြင်ထိမ်းသိမ်းတာ၊ စုပ်ယူမှုကောင်းတဲ့ လှလှချောင်ချောင် အတွင်းခံဝတ်တာတွေက ပိုမိုအထောက်အကူ ပြုပါတယ်။ အတွင်းခံ ခွကြားမှာ ချည်သားဖြစ်သင့်ပါတယ်။
ဒါနဲ့မှမရဘူး။ သိသာထင်ရှားတဲ့အနံ့ (သို့) အရည်ဆင်းတာမျိုးရှိရင် ကျွမ်းကျင်သူနဲ့ ပြသပါ။ မိန်းမကိုယ် နေရာတစ်ဝိုက် အတွင်း၊ အပြင် စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ် ။ ပြင်ပပစ္စည်းတစ်ခုခု ကျန်နေတာ၊ အရည်အိတ်၊ ရောဂါပိုးဝင်တာ၊ မှိုရောဂါရှိတာ၊ ကာလ သားရောဂါ၊ အခြားမိန်းမကိုယ်ရောဂါနဲ့ အဖုအကျိတ်ကင်ဆာ စသဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။
အနံ့ပျောက်ဖို့နဲ့ သန့်ရှင်းနေစေဖို့ မိန်းမကိုယ်တစ်ဝိုက်ကို ဆေးရည်နဲ့ ပုံမှန်ဆေး ကြောပေးရမယ်လို့ ယူဆကြတာရှိပါတယ်။ ဒါပေမယ့် ရောဂါ (သို့) ပြဿနာ ထွေထွေထူးထူး မရှိရင် မလိုအပ်ဘူးလို့ ဆိုပါတယ်။ ဆေးရည်နဲ့ အလွန်အကျွံ ဆေးကြောမိရင် ဓာတုပစ္စည်းပြင်းပြင်းကြောင့် ပုံမှန်ရှိရမယ့် ကောင်းတဲ့ဘက်တီးရီးယားတွေ သေကြေကုန်ပြီး မိန်းမကိုယ်အတွင်းပိုင်း ယောနိနံရံဆဲလ်တွေမှာ ပြဿနာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အလွန်အကျွံ ဆေးကြောမှုကိုယ်တိုင်က အရည်ဆင်းတာနဲ့ အနံ့ထွက်တာတွေကို ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာစိုးဝင်းဦး
Ziwaka magazine, Junuary 2014, Pg. 63-64
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

